မြန်မာသံရုံး၊ ကိုင်ရိုမြို့က ဆောင်ရွက်ပေးလျက်ရှိသော ကောင်စစ်ကိစ္စရပ်များ

မြန်မာသံရုံး၊ ကိုင်ရိုမြို့အနေဖြင့် အီဂျစ်၊ တူကီယဲ၊ အီသီယိုပီးယား၊ ဆူဒန်၊ အယ်လ်ဂျီးရီးယား၊ မော်ရိုကို၊ အီရတ် နိုင်ငံ တို့တွင် ရောက်ရှိနေကြသော မြန်မာနိုင်ငံသားများနှင့်ပတ်သက်၍ အောက်ဖော်ပြပါ ကောင်စစ်ကိစ္စရပ်များအား နေ့စဉ် ရုံးဖွင့်ရက် တနင်္ဂနွေနေ့မှ ကြာသပတေးနေ့အထိ နံနက် ၀၉:၃၀ နာရီမှ ညနေ ၁၅:၃၀ နာရီအထိ ဆောင်ရွက်ပေးလျှက် ရှိပါသည်။

လူကိုယ်တိုင် လာရောက်လျှောက်ထားနိုင်ခြင်း မရှိသော တူကီယဲ၊ အီသီယိုပီးယား၊ ဆူဒန်၊ အယ်လ်ဂျီးရီးယား၊ မော်ရိုကို၊ အီရတ် နိုင်ငံတို့တွင် ရောက်ရှိကြသော မြန်မာနိုင်ငံသားများ အတွက် နိုင်ငံတကာ စာပို့စနစ်ဖြင့် လက်ခံ ဆောင်ရွက်ပေးလျှက် ရှိပါကြောင်း အသိပေး ကြေညာအပ်ပါသည်-

စဉ်အကြောင်းအရာကောက်ခံငွေ
၁။ နိုင်ငံကူးလက်မှတ် သက်တမ်းတိုး လျှောက်ထားခြင်း အမေရိကန်ဒေါ်လာ ၂၅/-
၂။ နိုင်ငံကူးလက်မှတ် ပျောက်ဆုံး/ပျက်ဆီး များအတွက် အသစ်ပြန်လည် လျှောက်ထားခြင်း(ဒဏ်ကြေးအပါအဝင်) အမေရိကန်ဒေါ်လာ ၁၀၀/-
၃။ ပြည်ပတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများမှ မွေးဖွားသော ကလေးများ အတွက် နိုင်ငံကူးလက်မှတ် (မွေးတိုး) လျှောက်ထားခြင်း အမေရိကန်ဒေါ်လာ ၂၅/-
၄။ နိုတြီထောက်ခံစာ လျှောက်ထားခြင်း
(က) ဘွဲ့လက်မှတ် နိုတြီထောက်ခံစာ လျှောက်ထားခြင်း
(ခ) ကလေးမွေးစာရင်း နိုတြီထောက်ခံစာ လျှောက်ထားခြင်း
(ဂ) လက်ထပ်စာချုပ် နိုတြီထောက်ခံစာ လျှောက်ထားခြင်း
(ဃ) Power of Attorney/ General Power/ Special Power ထောက်ခံစာ လျှောက်ထားခြင်း
အမေရိကန်ဒေါ်လာ ၁၀/-
၅။ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံ ကတ်ပြား
( Certificate of Identity - C of I) လျှောက်ထားခြင်း
အမေရိကန်ဒေါ်လာ ၅၀/-

 

၁။ နိုင်ငံကူးလက်မှတ် သက်တမ်းတိုး လျှောက်ထားခြင်း

(၁) ကိုယ်ရေးလျှောက်လွှာ
(၂) လျှောက်ထားသူ၏ ကိုယ်ရေး အချက်အလက်
(ဓါတ်ပုံ ၂ ပုံ၊ 35 mm x 45 mm, 600 Resolutions ၊ ၆ လ အတွင်း ရိုက်ကူးထားပြီး၊ မျက်နှာသည် ဓါတ်ပုံ၏ ၈၀% ရှိ၍ နောက်ခံ အဖြူရောင် ဖြစ်ရပါမည်)
(၃) လျှောက်ထားသူ၏ ဓာတ်ပုံ၊ လက်ဗွေနှင့် လက်မှတ်
(၄) နိုင်ငံကူးလက်မှတ် မူရင်း ( သက်တမ်း ၆ လ ကျန်ရှိပါမည်။)
(၅) သက်တမ်းရှိ နေထိုင်ခွင့်အထောက်အထားကတ်မိတ္တူ( Valid Stay Permit)
(၆) မြန်မာနိုင်ငံသား စိစစ်ရေးကတ်မိတ္တူ
(၇) အိမ်ထောင်စုလူဦးရေစာရင်းမိတ္တူ
(၈) ကျသင့်ငွေ အမေရိကန်ဒေါ်လာ (၂၅)

 

အလုပ်လုပ်ကိုင်နေသူများ

PJ သက်တမ်းတိုးဆောင်ရွက်လိုသူများ၊ PV မှ PJ သို့ ပြောင်းလဲလျှောက်ထားသူများသည် ကိုယ်ရေးလျှောက်လွှာတစ်စောင် ရေးသား၍ မည်သည့်အလုပ်ကို လုပ်ကိုင်လျှက်ရှိကြောင်းနှင့် အလုပ်လုပ်ကိုင်နေသော ကုမ္ပဏီ/အဖွဲ့အစည်း၏ ထောက်ခံချက်၊ အလုပ်သဘောတူစာချုပ် (Work Agreement)တို့ကို ပူးတွဲတင်ပြရမည်။

PJ အမျိုးအစား နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူများသည် သက်တမ်းတိုးသည့် အခါ OWIC ကတ်ရှိပါက ပူးတွဲတင်ပြရပါမည်။ OWIC ကတ် မရှိသေးပါက မြန်မာနိုင်ငံသို့ ခွင့်ပြန်သည့် အခါ မဖြစ်မနေလျှောက်ထားရယူရပါမည်။

နိုင်ငံခြားသားခင်ပွန်းကို မှီခိုနေထိုင်သူ မြန်မာအမျိုးသမီးများ

အထက်ဖော်ပြပါစာရွက်စာတမ်းများအပြင်၊ မူရင်းလက်ထပ်စာချုပ်အား လက်ရှိနေထိုင်လျက် ရှိသောနိုင်ငံမှ Notary Public ၏ အင်္ဂလိပ်ဘာသာဖြင့် ဘာသာပြန်ထပ်ဆင့်ထောက်ခံချက် ပူးတွဲတင်ပြရပါမည်။

နိုင်ငံခြားသားခင်ပွန်း၏ မှီခိုသူအဖြစ် သက်တမ်းတိုးလျှောက်ထားပါက အထက်ဖော်ပြပါ စာရွက်စာတမ်းများအပြင် အပြန်လေယာဉ်စရိတ်အာမခံငွေ (Return Airfare)အဖြစ် အမေရိကန်ဒေါ်လာ၊ ၄၅၀/- ကို ထပ်ဆောင်းပေးသွင်းရမည်ဖြစ်ပါသည်။ အဆိုပါ လေယာဉ်စရိတ်အဖြစ် ပေးသွင်းငွေ အမေရိကန်ဒေါ်လာ၊ ၄၅၀/- ကို ကာယကံရှင်မှ မြန်မာနိုင်ငံသို့ အပြီးပြန်လည်နေထိုင်သည့်အခါတွင်လည်းကောင်း၊ အခြားနိုင်ငံသားအဖြစ် ခံယူသွားသည့်အခါတွင်လည်းကောင်း၊ မြန်မာသံရုံးသို့ ငွေလက်ခံဖြတ်ပိုင်း(မူရင်း)တင်ပြပြီး ပြန်လည်တောင်းခံလာပါက ပြန်လည် ထုတ်ပေးသွား မည်ဖြစ်ပါသည်။

ကျောင်းတက်ရောက်နေသူများ

လက်ရှိကျောင်းတက်ရောက်နေသူများဖြစ်ပါက ကျောင်းထောက်ခံစာ၊ ကျောင်းသားကတ် (မိတ္တူ)၊ နိုင်ငံသားစိစ်ရေးကတ်(မိတ္တူ)၊ သန်းခေါင်စာရင်း(မိတ္တူ)၊ သက်ဆိုင်ရာနိုင်ငံမှ ထုတ်ပေးထားသော သက်တမ်းရှိနေထိုင်ခွင့်ကတ်(မိတ္တူ) တို့နှင့်အတူ လျှောက်ထားရမည် ဖြစ်ပါသည်။

သင်္ဘာသားများ

စီဒီစီ ကတ်(မိတ္တူ)၊ နိုင်ငံကူးလက်မှတ်(မိတ္တူ)၊ နိုင်ငံသားစိစစ်ရေးကတ်(မိတ္တူ)၊ သန်းခေါင် စာရင်း(မိတ္တူ)၊ တို့နှင့်အတူ လျှောက်ထားရမည်ဖြစ်ပါသည်။

နိုင်ငံကူးလက်မှတ်သက်တမ်းကျော်လွန်နေခြင်းအတွက် ဒဏ်ကြေး

နိုင်ငံကူးလက်မှတ် သက်တမ်းတိုးရန် နောက်ကျခြင်းအတွက်၊ သက်တမ်းလွန်ကာလ(၂)နှစ်အထိ နောက်ကျ ဒဏ်ကြေး ကောက်ခံခြင်းမရှိဘဲဆောင်ရွက်ပေးပါမည်။ (၂)နှစ်ထက်ကျော်လွန်သော ကာလများအတွက် (၁)နှစ်လျှင် အမေရိကန် ဒေါ်လာ(၁၅)ဒေါ်လာနှုန်းဖြင့် ပေးဆောင်ရပါမည်။

မြန်မာနိုင်ငံကူးလက်မှတ် လျှောက်ထားရာတွင် ရေးသွင်းရမည့် ပုံစံ

 

၂။ နိုင်ငံကူးလက်မှတ် ပျောက်ဆုံး/ပျက်ဆီးများအတွက် အသစ်ပြန်လည် လျှောက်ထားခြင်း

(၁) ကိုယ်ရေးလျှောက်လွှာ(ကျိုးကြောင်းဖော်ပြရန်)
(၂) လျှောက်ထားသူ၏ ကိုယ်ရေး အချက်အလက်
(ဓါတ်ပုံ ၂ ပုံ၊ 35 mm x 45 mm, 600 Resolutions ၊ ၆ လ အတွင်း ရိုက်ကူးထားပြီး၊ မျက်နှာသည် ဓါတ်ပုံ၏ ၈၀% ရှိ၍ နောက်ခံ အဖြူရောင် ဖြစ်ရပါမည်
(၃) လျှောက်ထားသူ၏ ဓာတ်ပုံ၊ လက်ဗွေနှင့် လက်မှတ်
(၄) နိုင်ငံကူးလက်မှတ် ပျောက်ဆုံး/ပျက်စီး မိတ္တူ- (၄)စုံ
(၅) သက်တမ်းရှိ နေထိုင်ခွင့်အထောက်အထားကတ်မိတ္တူ
(၆) မြန်မာနိုင်ငံသား စိစစ်ရေးကတ်မိတ္တူ
(၇) အိမ်ထောင်စုလူဦးရေစာရင်းမိတ္တူ
(၈) ပျောက်ဆုံးကြောင်း ရဲစခန်းထောက်ခံစာ၊ အလုပ်ရှင်/ကုမ္ပဏီထောက်ခံစာ-(၄)စုံ
(၉) ကျသင့်ငွေ အမေရိကန်ဒေါ်လာ၊ ၁၀၀/-
(ပျောက်ဆုံးမှုအတွက် ဒဏ်ကြေး အမေရိကန်ဒေါ်လာ ၇၅/- + နိုင်ငံကူးလက်မှတ် စာအုပ်အသစ်အတွက် အမေရိကန်ဒေါ်လာ ၂၅/-၊ စုစုပေါင်း အမေရိကန် ဒေါ်လာ၊ ၁၀၀/-)
နိုင်ငံကူးလက်မှတ်ပျောက်ဆုံး/ ပျက်စီးများအတွက် မြန်မာနိုင်ငံရှိ မြန်မာနိုင်ငံကူး လက်မှတ် ထုတ်ပေးရေးအဖွဲ့သို့ တင်ပြရမည် ဖြစ်ပါသဖြင့် အချက်အလက် ပြည့်စုံစွာဖြင့် လျှောက်ထား ကြရန် နိုးဆော်အပ်ပါသည်။

 

၃။ ပြည်ပတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများမှ မွေးဖွား သော ကလေးများအတွက် နိုင်ငံကူးလက်မှတ် (မွေးတိုး) လျှောက်ထားခြင်း

(၁) ကိုယ်ရေးလျှောက်လွှာ
(၂) ကလေး၏ ကိုယ်ရေး အချက်အလက်
(ဓါတ်ပုံ ၂ ပုံ၊ 35 mm x 45 mm, 600 Resolutions ၊ ၆ လ အတွင်း ရိုက်ကူးထားပြီး၊ မျက်နှာသည် ဓါတ်ပုံ၏ ၈၀% ရှိ၍ နောက်ခံ အဖြူရောင် ဖြစ်ရပါမည်)
(၃) ကလေး၏ ဓာတ်ပုံနှင့် လက်ဗွေ
(၄) ကလေးမွေးစာရင်းလက်မှတ် မိတ္တူ (သက်ဆိုင်ရာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ထောက်ခံချက်နှင့်အတူ)
(၅) မိဘနှစ်ဦး၏ ကိုယ်ရေးအချက်အလက်နှင့် နိုင်ငံကူးလက်မှတ်မိတ္တူ
(၆) မိဘနှစ်ဦး၏ လက်ထပ်စာချုပ်မိတ္တူ နှင့် အိမ်ထောင်စုလူဦးရေစာရင်းမိတ္တူ
(၇) ကျသင့်ငွေ အမေရိကန်ဒေါ်လာ၊ ၂၅/-
မွေးဖွားသည့်နေ့ရက်မှ (၁)နှစ်အတွင်း လျှေက်ထားရပါမည်။ နိုင်ငံကူးလက်မှတ် (မွေး/တိုး) ထုတ်ပေးရန်အတွက် ခွင့်ပြုချက်အား မြန်မာနိုင်ငံကူး လက်မှတ် ထုတ်ပေးရေးအဖွဲ့သို့ တင်ပြရသည်ဖြစ်ပြီး၊ ခွင့်ပြုချက်ရရှိရန် လအနည်းငယ် အချိန်ယူ ဆောင်ရွက်ရမည်ဖြစ်သည့်အတွက် လျှောက်ထားသူများ အနေဖြင့် အချက်အလက်ပြည့်စုံစွာဖြင့် လျှင်မြန်စွာ လျှောက်ထားကြရန် တိုက်တွန်း အပ်ပါသည်။

 

၄။ နိုတြီထောက်ခံစာ လျှောက်ထားခြင်း

(၁) ကိုယ်ရေးလျှောက်လွှာ(ကျိုးကြောင်းဖော်ပြရန်)
(၂) လျှောက်ထားသူ၏ ကိုယ်ရေး အချက်အလက်
(၃) နိုင်ငံကူးလက်မှတ်မိတ္တူ
(၄) ထောက်ခံစာပြုလုပ်မည့် နိုတြီစာရွက် (မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန သို့မဟုတ် သက်ဆိုင်ရာ နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးဌာန ထောက်ခံချက် ပါရှိ ရမည် ဖြစ်ပြီး ၆ လအတွင်း သက်တမ်းရှိ ရပါမည်)
(၅) ကျသင့်ငွေ အမေရိကန်ဒေါ်လာ၊ ၁၀/-

 

Power of Attorney/ General Power/ Special Power ထောက်ခံစာ လျှောက်ထားခြင်း

(၁) ကိုယ်စားလှယ်လွှဲစာအပေါ်တွင် သက်ဆိုင်ရာနိုင်ငံ တရားရေးဝန်ကြီးဌာနနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့မှ ထောက်ခံချက် ပါရှိရမည်။
(၂) GP/ SP လွှဲအပ်သူမှ လက်မှတ်အား သံရုံးသို့ လာရောက်၍ သံအရာရှိ/ ကောင်စစ်အရာရှိ ရှေ့မှောက်တွင် လက်မှတ်ရေးထိုးရမည်။
(၃) လွှဲအပ်သူနှင့် လက်ခံသူ ကိုယ်ရေးလျှောက်လွှာ
(၄) လွှဲအပ်သည့်ကိစ္စအကြောင်းအရာ ကိုယ်ရေးစာ လျှောက်လွှာ လက်ခံသူနှင့် လွှဲအပ်သူ၏ နိုင်ငံကူးလက်မှတ်/နိုင်ငံသားစီစစ်ရေးကတ်/ ID Card မိတ္တူ
(၅) ကျသင့်ငွေ အမေရိကန်ဒေါ်လာ၊ ၁၀/-

 

၅။ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံကတ်ပြား( Certificate of Identity - C of I) လျှောက်ထားခြင်း

အလုပ်အကိုင်အဆင်မပြေ၍ မြန်မာနိုင်ငံသို့ အပြီးပြန်ရန်ဖြစ်သည့် အနေအထားတွင် နိုင်ငံကူးလက်မှတ် ပျောက်ဆုံး၍ လက်ဝယ်၌ ရှိမနေခြင်း၊ အခြားသော မြန်မာနိုင်ငံသို့ ပြန်လည် ထွက်ခွာရမည့် အရေးပေါ်အခြေအနေတို့အတွက် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံ ကတ်ပြား (Certificate of Identity- C of I) ကို လျှောက်ထားနိုင်ပါသည်။

(၁) ကိုယ်ရေးလျှောက်လွှာ(ကျိုးကြောင်းဖော်ပြရန်)
(၂) လျှောက်ထားသူ၏ ကိုယ်ရေး အချက်အလက်
(ဓါတ်ပုံ ၂ ပုံ၊ 35 mm x 45 mm, 600 Resolutions ၊ ၆ လ အတွင်း ရိုက်ကူးထားပြီး၊ မျက်နှာသည် ဓါတ်ပုံ၏ ၈၀% ရှိ၍ နောက်ခံ အဖြူရောင် ဖြစ်ရပါမည်
(၃) နိုင်ငံကူးလက်မှတ် ပျောက်ဆုံး/ပျက်စီး မိတ္တူ
(၄) ရောက်ရှိနိုင်ငံသို့ ဝင်ရောက်လာသည့် ပြည်ဝင်ဗီဇာမိတ္တူ
(၅) မြန်မာနိုင်ငံသား စိစစ်ရေးကတ်မိတ္တူ
(၆) အိမ်ထောင်စုလူဦးရေစာရင်းမိတ္တူ
(၇) ပျောက်ဆုံးကြောင်း ရဲစခန်းထောက်ခံစာ၊ အလုပ်ရှင်/ ကုမ္ပဏီထောက်ခံစာ
(၈) ကျသင့်ငွေ အမေရိကန်ဒေါ်လာ၊ ၅၀/-
မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံ ကတ်ပြား (Certificate of Identity- C of I) လျှောက်ထားရာတွင် မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့သို့ တင်ပြရမည် ဖြစ်ပါသဖြင့် လအနည်းငယ် အချိန်ယူရမည် ဖြစ်ပါသည်။

 

သိရှိရန် အချက်များ

လျှောက်ထားသူများသည် ရှင်းလင်းသေသပ်သော လျှောက်လွှာ အပြည့်အစုံနှင့်အတူ ပူးတွဲပါ သံရုံးလိပ်စာသို့ လူကိုယ်တိုင်သော် လည်းကောင်း၊ စာတိုက်မှသော် လည်းကောင်း လျှောက်ထားနိုင်သည်။ အချက်အလက်ပြည့်စုံ၍ လူကိုယ်တိုင် လျှောက်ထားပါက Working day (၅)ရက်ခန့် ကြာမြင့်မည်ဖြစ်ပြီး၊ စာတိုက်မှတစ်ဆင့် လျှောက်ထားပါက Working day (၁၀)ရက်ခန့် ကြာမြင့်မည် ဖြစ်ပါသည်။

ပြည်တွင်း/ပြည်ပ လျှောက်ထားသူများအနေဖြင့် မိမိတို့နှစ်သက်ရာ Courier Service များဖြင့် အသွား/အပြန် ပေးပို့လျှောက်ထားနိုင်သည်။ လျှောက်ထားသူများ ပေးပို့သည့် Courier များအား လာရောက် Pick up ယူရန် သံရုံးမှ ဖုန်းဆက်ခေါ်ဆိုပေးမည် မဟုတ်ပါ။

နိုင်ငံကူးလက်မှတ် အဟောင်းနှင့်အသစ်ကို ပူးတွဲပြန်လည်ပေးပို့ပါသဖြင့် လျှောက်ထားသူများ အနေဖြင့် အလေးချိန်အား သေချာတွက်ချက်၍ ကုန်ကျစရိတ်အား ပေးဆောင်ကြရန်နှင့် အလေးချိန်နှင့် ကျသင့်ငွေအား Aramex Courier Website တွင် ဝင်ရောက်တွက်ချက် ကြည့်ရှုနိုင်ပါကြောင်း အသိပေးအပ်ပါသည်။

Courier Service ဖြင့် အသွား/အပြန် ပေးပို့ရာတွင် ပျက်စီး/ပျောက်ဆုံးမှုများအတွက် သံရုံးမှ တာဝန်ယူပေးမည် မဟုတ်ပါကြောင်း ကြိုတင်၍ အသိပေးကြေညာအပ်ပါသည်။

 

Address:

Embassy of the Republic of the Union of Myanmar
No. 24, Mohamed Mazhar Street, Zamelak, Cairo, Egypt
Tel : 02 27363123, Fax: 02 27357712
Email : This email address is being protected from spambots. You need JavaScript enabled to view it.
Website : https://www.mecairo.org

Currency Exchange Rate