Establishment of Diplomatic Relations | 08-08-1953 |
Opening of Chancery (Legation Level) | 01-06-1955 |
Opening of Chancery (Embassy Level) | 30-09-1957 |
No. | Name | Period | |
From | To | ||
1. | H.E. Maha Thray Sithu U Pe Khin | 09-01-1958 | 18-04-1962 |
2 | H.E. Thray Sithu U Aung Shwe | 28-09-1963 | 03-02-1970 |
3. | H.E. Thato Maha Thray Sithu U Zahre Lian | 28-02-1970 | 26-01-1975 |
4. | H.E. U Tha Tun | 25-01-1975 | 02-07-1976 |
5. | H.E. U Ohn Maung | 23-09-1979 | 23-01-1982 |
6. | H.E. Wunna Kyaw Htin U Tha Tun | 29-01-1982 | 30-01-1985 |
7. | H.E. U Aye Pe | 09-06-1985 | 09-12-1987 |
8. | H.E. U Aye Thein | 23-12-1987 | 26-06-1990 |
9. | H.E. U Sein Yi | 19-11-1990 | 05-02-1993 |
10. | H.E. U Aung Gyi | 26-07-1993 | 18-03-1997 |
11. | H.E. U Khin Maung Ohn | 18-05-1997 | 02-04-2000 |
12. | H.E. U Thein Aung | 30-09-2000 | 06-10-2003 |
13. | H.E. U Soe Myint | 03-12-2003 | 20-07-2008 |
14. | H.E. U Tin Yu | 16-03-2009 | 27-10-2012 |
15. | H.E. Thura U Thet Oo Maung | 29-10-2012 | 26-12-2015 |
16. | H.E. U Myint Lwin | 15-06-2016 | Present |
H.E. U Myint Lwin, Ambassador Extraordinary and Plenipotentiary of Myanmar, Presents Credentials to His Excellency Mr. Abdel Fattah El-Sisi, President of the Arab Republic of Egypt (Dated: 31-8-2016)
(၃၀-၁-၂၀၁၈ရက်နေ့၊ ကိုင်ရိုမြို့)
အီဂျစ်နိုင်ငံ၊ ကိုင်ရိုမြို့အခြေစိုက် မြန်မာသံရုံးသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ နှစ် (၇၀)ပြည့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ဧည့်ခံပွဲအခမ်းအနားကို ၂၀၁၈ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်နေ့တွင် ကိုင်ရိုမြို့ရှိ Conrad Hotel ၌ ဒေသစံတော်ချိန် (၁၉၀ဝ)နာရီအချိန်တွင် ကျင်းပခဲ့ပါသည်။
အဆိုပါ အခမ်းအနားသို့ အထူးဧည့်သည်တော်အဖြစ် အီဂျစ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာ ဒုတိယလက်ထောက် နိုင်ငံခြားရေး ဝန်ကြီး H.E. Mr. Hazem El Tahry မှ တက်ရောက်ခဲ့ပြီး အီဂျစ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ အာရှသံအမတ်ကြီးများအဖွဲ့ နာယကနှင့် ကိုင်ရိုမြို့အခြေစိုက် သံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများ၊ သံရုံး ဒုတိယ အကြီးအကဲများ၊ စစ်သံမှူးများ၊ သံတမန်များ၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ အီဂျစ်ရဲတပ်ဖွဲ့မှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ အီဂျစ်စီးပွားရေးလုပ်ငန်းရှင်ကြီးများ၊ အီဂျစ်နိုင်ငံ ရောက် မြန်မာနိုင်ငံသားများ၊ အီဂျစ်နိုင်ငံသို့ ရောက်ရှိပညာသင်ကြားလျက်ရှိသော မြန်မာပညာ တော် သင်ကျောင်းသားများ၊ သတင်းမီဒီယာသမားများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။
ထို့အပြင် အခမ်းအနားသို့ တက်ရောက်လာသော ဧည့်သည်တော်များအား မြန်မာနိုင်ငံ၏ အထင်ကရနေရာများ၊ ကမ္ဘာလှည့်ခရီးသွားများ စိတ်ဝင်စားဖွယ်နေရာများကို ဗီဒီယိုပြသခဲ့ပြီး မြန်မာ့ ရိုးရာ လက်မှုပညာများဖြစ်သည့် ယွန်းထည်အမျိုးမျိုး၊ ရွှေချည်ထိုးပန်းချီကားများ၊ ကျောက်ပန်းချီကား များ ပြသခဲ့ပါသည်။