အီဂျစ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး အီဂျစ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ အာရပ်၊ သိပ္ပံ၊ နည်းပညာနှင့်ရေကြောင်းပို့ဆောင်ရေးဆိုင်ရာတက္ကသိုလ် လေ့လာရေး ခရီးစဉ်တွင် ပါဝင်တက်ရောက်ခြင်း

20230402 press 03

20230402 press 04

အီဂျစ်နိုင်ငံနှင့် အာရှနိုင်ငံတို့အကြားတွင် သိပ္ပံ၊နည်းပညာနှင့် ရေကြောင်းပို့ဆောင်ရေးဆိုင်ရာ သင်တန်းသားများ၊ နည်းပြများ၊ အပြန်အလှန် စေလွှတ်သင်ကြားလေ့လာခြင်းဖြင့် နှစ်နိုင်ငံ သင်တန်းကျောင်းများနှင့် ပြည်သူများအကြား ဆက်ဆံရေး တိုးမြှင့်လာစေမှု မှတစ်ဆင့် နှစ်နိုင်ငံ အကြား ဆက်ဆံရေးကို ပိုမိုတိုးမြှင့်နိုင်စေရန် ရည်မှန်း၍ အီဂျစ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာဦးစီးဌာနသည် အာရှဒေသ သံအမတ်ကြီးများအတွက် အလက်ဇန္ဒြီးယား အုပ်ချုပ်မှု ဒေသ၊ Abu Qir မြို့တွင် တည်ရှိသည့် အာရပ် သိပ္ပံ၊နည်းပညာနှင့် ရေကြောင်းပို့ဆောင်ရေးဆိုင်ရာ တက္ကသိုလ်ဌာနချုပ်သို့ သွားရောက်လေ့လာသည့် အစီအစဉ်တစ်ရပ်ကို ၉-၃-၂၀၂၃ ရက်နေ့တွင် စီစဉ်ပေးခဲ့ရာ၊ မြန်မာသံအမတ်ကြီး ဦးမြင့်လွင် သည် အာရှဒေသမှ သံအမတ်ကြီးများနှင့်အတူ လေ့လာရေး ခရီးစဉ်တွင် ပါဝင်ခဲ့ပါသည်။

အဆိုပါခရီးစဉ်တွင် အီဂျစ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာဆိုင်ရာ လက်ထောက်နိုင်ငံခြား ရေးဝန်ကြီး Ambassador H.E. Ayman Kamel က အာရှဒေသ သံအမတ်ကြီးများတို့နှင့် အတူ ခရီးစဉ်တစ်လျှောက် အတူလိုက်ပါခဲ့ပြီး၊ အလက်ဇန္ဒြီးယားမြို့ အုပ်ချုပ်မှုဒေသ၊ အုပ်ချုပ်ရေးမှူး H.E. Maj. Gen Mohamed Al-Sharif နှင့် တက္ကသိုလ် ဒုတိယဥက္ကဌ Meer A. Hamza တို့က လေ့လာရေးအဖွဲ့ သံအမတ်ကြီးများအား တက္ကသိုလ်ကျောင်း ဧည့်ခန်းမဆောင်၌ ခရီးဦးကြိုဆိုခဲ့ပြီး၊ တက္ကသိုလ်ညီလာခံ ခန်းမအတွင်း၌ အလက်ဇန္ဒြီးယားမြို့၏ သမိုင်း၊ ယဉ်ကျေးမှု၊ အမွေအနှစ်များ တည်ရှိမှု တို့နှင့်စပ်လျဉ်း၍လည်းကောင်း၊ တက္ကသိုလ်မှ အဓိကသင်ကြားပေးနေသည့် ဘာသာရပ် များ၊ နိုင်ငံတကာမှ သင်တန်းသားများ တက်ရောက်နေမှုအခြေအနေ၊ စသည်တို့နှင့် စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။

ထို့နောက် တက္ကသိုလ်မှ တာဝန်ရှိသူများက လေ့လာရေးအဖွဲ့ဝင် သံအမတ်ကြီးများအား တက္ကသိုလ်ကျောင်း၏ Planetarium အဆောက်အအုံအတွင်းရှိ အဆင့်မြင့်နည်းပညာ ဖြင့်ပြုလုပ် ထားသည့် အာကာသ၊ သပ္ပံနှင့် နက္ခတ်တာရာ သီရေတာခန်းမအတွင်း၌ တက္ကသိုလ်နှင့် ပတ်သက်သည့် အချက်အလက်များ၊ နိုင်ငံတကာသင်တန်းသားများအား အဆင့်မြင့်နည်းပညာ သင်ထောက်ကူပစ္စည်းများဖြင့် သင်ကြားပို့ချနေမှု အခြေအနေတို့အား ရုပ်သံဇတ်လမ်းတိုဖြင့် ရှင်းလင်းပြသခြင်း၊ Simulator Complex အဆောက်အအုံအတွင်း၌ သင်တန်းသားများအား ကုန်တင်ရေယာဉ်၊ ခရီးသည်တင် ရေယာဉ်များကို ပင်လယ်ပြင်အတွင်း အမှန်တကယ် မောင်းနှင် နေသည့် ခံစားမှုများအတိုင်း ခံစားမောင်းနှင်မှု အတွေ့အကြုံများကို ရရှိနိုင်စေမည့် နိုင်ငံတကာ အဆင့်မြင့်နည်းပညာ software များထည့်သွင်းအသုံးပြုထားသည့် Simulator စက်ပစ္စည်းများအား အသုံးပြု၍ သင်ကြား လေ့ကျင့်ပေးနေမှု အခြေအနေများ၊ တို့နှင့် ပတ်သက်၍ လိုက်လံ ရှင်းလင်း ပြသခဲ့ကြပါသည်။

ထို့နောက် တက္ကသိုလ်၏ ဒုတိယဥက္ကဌ က လက်ထောက်နိုင်ငံခြားရေးဝန်ကြီး၊ သံအမတ်ကြီးများ နှင့် လေ့လာရေးအဖွဲ့ဝင်များ၊ ဧည့်သည်တော်တို့အား တက္ကသိုလ် စားရိပ်သာ၌ နေ့လယ်စာဖြင့် တည်ခင်း ဧည့်ခံခဲ့ပါသည်။

Currency Exchange Rate